Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ပေးအပ်ထားသည့် မြစိမ်းရောင်စီမံကိန်းရံပုံငွေများသည် ဝိုင်းကြီးချုပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ တိုးပွားမှုများရှိလာမည်ဖြစ်သဖြင့် ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေးအတွက် ယခုကဲ့သို့ ရံပုံငွေထုတ်ပေးခြင်းသည် နိုင်ငံအတွက် အားတစ်ခုဖြစ်မည်ဟု ယုံကြည်


17 Aug,2022

နေပြည်တော် ဩဂုတ် ၁၆

              နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)သို့ တက်ရောက်အမှာ စကားပြောကြားရာတွင် အောက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ပါသည်-

              “စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သမဝါယမအစုအဖွဲ့ဝိုင်းကြီးချုပ် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးရန် လိုအပ်သည့် မြေဩဇာ၊ ရေနှင့် မျိုးများ ရရှိအောင် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး စိုက်ဧကတစ်ဧကလျှင် အနည်းဆုံး တင်း ၁၀၀ ထွက်ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နောက်တစ်နှစ်မိုးစပါးစိုက်ပျိုးမှုနှင့် နွေစပါး စိုက်ပျိုးမှုအတွက် စိုက်ပျိုးရေးစရိတ်များ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အခြားပိုလျှံသည့် ငွေများမှ ပဲသီးနှံများ၊ ဝါနှင့် အခြားသီးနှံများစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးစရိတ်များ ထုတ်ပေးသွားနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ၂၀၂၄ နှစ် မိုးရာသီတွင် မိုးသီးနှံများ၏ ၅၀ ရာခိုင်နှုန်းခန့် ကိုစိုက်ပျိုးရေးစရိတ်များ ထုတ်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း၊ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းမှာ နှစ်ဆပြောင်းလဲသွား မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက် ချိန်တွင် တောင်သူလယ်သမားများအနေဖြင့် စိုက်ထုတ်မှုအနည်းဆုံးဖြင့် ဆောင်ရွက်နိုင်ရန် တွက်ချက်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

              တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ပေးအပ်ထားသည့် မြစိမ်းရောင်စီမံကိန်းရံပုံငွေများသည် ဝိုင်းကြီးချုပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ တိုးပွားမှုများရှိလာမည်ဖြစ်သဖြင့် ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေးအတွက် ယခုကဲ့သို့ ရံပုံငွေထုတ်ပေးခြင်းသည် နိုင်ငံအတွက် အားတစ်ခုဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။”

၁၇-၈-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm