Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းစုမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်း၍ ဆန်နှင့် အခြေခံစားကုန်များ ဖြန့်ဖြူးရောင်းချ


15 Aug,2022

ကျွန်းစု ၊ ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စားသုံးသူအသင်းသားပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍  ဆန်နှင့် အခြေခံစားကုန်များကို ၂၀၂၂ ခုနှစ်၊ ဧပြီလမှ စတင်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

ထိုသို့ ဖြန့်ဖြူးရောင်းချရာတွင် ကျွန်းစုမြို့ပေါ်ရှိ ဒေသခံပြည်သူများနှင့် အခြေခံသမဝါယမ အသင်းများရှိ အသင်းသားပြည်သူများသို့ ပေါ်ဆန်းမွှေးဆန် ၁၀ ပြည်/၅ ပြည်အိတ် ၂၈၀ အိတ် တန်ဖိုးငွေကျပ် ၄၈.၈၈ သိန်း၊  ယိုးဒယားပဲလုံးဆီ ၅၀ သားဗူး ၁၈၀ ဗူး တန်ဖိုးငွေကျပ် ၈.၆၄ သိန်း၊ စုစုပေါင်းငွေကျပ် ၅၇.၅၂ သိန်းအား လဆိုင်းစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm