Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာဝတီခရိုင်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကျင်းပ


12 Aug,2022

သာယာဝတီ၊ ဩဂုတ် ၁၂

          သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

          ဦးစွာ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ ထို့နောက် သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသူများက သင်တန်းသား/သူများပြုလုပ်ထားသော ထုတ်ကုန်များကို လေ့လာကြည့်ရှုကြသည်။

          အဆိုပါ သင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ ခေါင်းလျှော်ရည်နှင့် လက်သန့်ဆေးရည် ပြုလုပ်နည်းများကို ဩဂုတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ထိ (၅)ရက်ကြာ သင်တန်းသား/သူ (၂၀)ဦးအား စာတွေ့၊ လက်တွေ သင်ကြားပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm