Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသားပြည်သူများသို့ မြေပဲဆီသန့်၊ နှမ်းဆီသန့်၊ နေကြာဆီသန့်များ ဖြန့်ဖြူးရောင်းချ


12 Aug,2022

ရန်ကုန်၊ ဩဂုတ် ၁၁

သမဝါယမကဏ္ဍအနေဖြင့် ဒေသထွက်ကုန်များအား သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်၍ ကုန်စည်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီးသမဝါယမဦးစီးဌာန၏ပေါင်းစပ်မှုဖြင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်သမဝါယမ အသင်းစုမှ မြေပဲဆီသန့်၊ နှမ်းဆီသန့်၊ နေကြာဆီသန့်များကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ ဖြန့်ဖြူးရောင်းချရာတွင် လစဉ် မြေပဲဆီသန့်၊ နှမ်းဆီသန့်၊ နေကြာဆီသန့်ပိဿာချိန် ၁၅၀၀ ခန့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယခုလအတွင်း မြေပဲဆီသန့်၊ နှမ်းဆီသန့်၊ နေကြာဆီသန့်ပိဿာချိန် ၂၄၀၀ ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များရှိ သမဝါယမ အသင်းသားများနှင့် အများပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိပါသည်။ ယနေ့အချိန်ထိ ဆီပိဿာချိန်ပေါင်း ၁၆၆၀၀ ကျော် ရောင်းချပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm