မင်္ဂလာဒုံ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင် အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက် ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို စက်တင်ဘာ ၈ ရက် က ထောက်ကြန့်သပြေညိုခန်းမ၌ ကျင်းပသည်။၏
အဆိုပါအစည်းအဝေးသို့ ခရိုင်အတွင်းမှ အသင်းသားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။ အစည်းအဝေးတွင် သမဝါယမအသင်းလီမိတက်မှ သဘာပတိအဖြစ် ဥက္ကဋ္ဌဦးအောင်သန်းက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော စီးပွားရေးလုပ်ငန်းများနှင့် အသင်းကြီး တိုးတက်မှုအခြေအနေများကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာသိန်းက သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မင်္ဂလာဒုံခရိုင်သမဝါယမအသင်းအဖွဲ့ဝင် ဒေါ်ယဉ်ယဉ်ရွှေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်းစာရင်းစစ် အစီရင်ခံစာ များကို ဖတ်ကြားတင်သွင်းပြီး သမဝါယမအသင်းလီမိတက် ဒုဥက္ကဋ္ဌ(၂) ဦးကျော်ရွှေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို ရှင်းလင်းဖတ်ကြားခဲ့သည်။
ထို့နောက် အသင်းစာရင်းစစ်ခေါင်းဆောင် ဦးသန်းညွှန့်က ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း ဆိုင်ရာနှစ်ချုပ်ဘဏ္ဍာရေး စာရင်းစစ်အစီရင်ခံစာအား ဖတ်ကြားခဲ့သည်။ အစီရင်ခံစာနှင့် ဘဏ္ဍာရေး ရှင်းတမ်းအား အသင်းကိုယ်စားလှယ်များမှ ဆွေးနွေးအကြံပြုချက်ရယူခြင်းများအပေါ် ပြန်လည် ဆွေးနွေးမေးမြန်းခဲ့သည်။ အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ရှိ ထည့်ဝင်ပြီးစုငွေစုစုပေါင်းငွေကျပ် (၂၀၀၁၀၆၇၇၅)ရှိကြောင်း၊ အသင်းသားများ သို့ အစုပေါ်အမြတ်(၂၂၀)သိန်းကျော် ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
မြတ်သူဇာ(မင်္ဂလာဒုံ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။