Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ကျေးရွာ ၃၂၅ရွာ၌ ဆောင်ရွက်မည်


10 Aug,2022

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ပဲခူးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဒေါ်ဝင်းစန္ဒာနှင့်အဖွဲ့တို့က ကျေးရွာအုပ်ချုပ်ရေးမှူး၊ကျေးရွာတာဝန်ခံ၊ ကျေးရွာရေပေးရေး ကော်မတီဝင်များနှင့်အတူ ယနေ့တွင် မြေပြင်ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အိုင်ကြီးဒေါင့်ကျေးရွာ ကျေရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့်ချေးငွေပြန်လည်ထုတ်ချေးပေးမှုအားလည်းကောင်း၊၂၀၂၁-၂၀၂၂ခု ခြောက်လဘတ်ဂျတ် တွင် သဲဖြူကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပေးထားမှုအား လည်းကောင်း၊ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည် ကူတောင်ကျေးရွာ၌ ဆိုလာရေတင်စနစ်လုပ်ငန်းအား လည်းကောင်း၊ ဂါလံ၂၄၀၀ဆံ့စင်မြင့် ရေစင်တည်ဆောက်ခြင်း လုပ်ငန်းအားလည်းကောင်း၊ မြေသားရေကန်တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအားလည်းကောင်း၊ ရွာသစ်ကလေးကျေးရွာ၌ ဆိုလာရေတင် စနစ်လုပ်ငန်းအားလည်းကောင်း၊ ဂါလံ၂၄၀၀ဆံ့စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ၄” Ø၄၀၀’စက်ရေတွင်းတူးဖော်ခြင်း အားလည်းကောင်း၊ ကျောင်းကုန်းကျေးရွာ၌ ဆိုလာရေတင်စနစ်လုပ်ငန်းအားလည်းကောင်း၊ ဂါလံ၅၀၀၀ဆံ့ရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းအားလည်းကောင်း၊ ၄”Ø၄၀၀’ စက်ရေတွင်းတူးဖော်ခြင်းအားလည်းကောင်း ကြည်ရှု့ စစ်ဆေးသည်။

          ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် ချောင်းဝကျေးရွာ၌ ဆိုလာရေတင်စနစ်လုပ်ငန်းအားလည်းကောင်း၊ ဂါလံ၅၀၀၀ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ၄”Ø၄၀၀’ စက်ရေတွင်းတူးဖော်ခြင်းအား လည်းကောင်း၊သစ်ဆိမ့်ကုန်းကျေးရွာ၌ ဆိုလာရေတင်စနစ်လုပ်ငန်းအားလည်းကောင်း၊ ဂါလံ၅၀၀၀ဆံ့ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ၄”Ø၄၀၀’ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm