Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ခု၊ Mini Budget အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပခြင်း


04 Aug,2022

ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ်(၁၆) အစည်းအဝေးခန်းမ၌ ဩဂုတ် (၁)ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ  အသင်း၏ဥက္ကဋ္ဌ ဦးကျော်ဒွန်း (ဒုတိယအမြဲတမ်းအတွင်းဝန်)၊ အသင်း၏ဒါရိုက်တာ၊ အမှု‌ဆောင်အဖွဲ့ဝင်များ၊ သမဝါယမဦးစီးဌာနမှ ဒေါ်အေးပွင့် (ဒုတိယညွှန်ကြား ရေးမှူး)၊ ဥတ္တရသီရိမြို့နယ်သမဝါယမမှ ဦးနဲဒို (ဦးစီးအရာရှိ)၊ ဒေါ်ချမ်းမြေ့ဝင်းဌေး (ဦးစီးမှူး)၊ ဦးဝေစိုးဟန် (အငယ်တန်းစာရေး)နှင့် အသင်းသား ၊ အသင်းသူစုစုပေါင်း(၆၀) ဦးတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ ဦးကျော်ဒွန်းက ရွှေကမ္ဘာငွေစုငွေချေးသည် ငွေစုငွေချေးလုပ်ငန်း၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၊ မြန်မာရွှေသစ်သီးဝလံကုမ္ပဏီ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) သမဝါယမအသင်းစုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများရှိပါကြောင်း ဆွေးနွေးပါသည်။

ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းလီမိတက်ကို အသင်းသားများ၏ လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေရန်၊ အသင်းသားများအား အသင်း၏အဓိကရည်မှန်းချက်အဖြစ် အသားတင် အမြတ်ပေါ်မှ အကျိုးခံစားခွင့်ကို အပြည့်အဝရရှိစေရန်၊ သမဝါယမအခြေခံမူနှင့် သဘောတရားများကို လက်တွေ့လိုက်နာကျင့်သုံးသည့် အလေ့အကျင့်ကောင်းများမွေးမြူစေရန်၊ အသင်းသူ/အသင်းသားများ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်မှု၊ ချွေတာစုဆောင်းမှုနှင့် ကိုယ့်အားကိုယ်ကိုးမှုတို့ကို ကျင့်သုံးလာစေရန်၊ အသင်းသားများအတွက် အပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။

အသင်းသား၊ အသင်းသူများကို ၂၀၂၁ ခုနှစ်‌ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ ငွေသားထောက်ပံ့ငွေကျပ် ၁၁,၃၆၀,၀၀၀၊ အနွေးထည်တန်ဖိုး ငွေကျပ် ၁,၅၆၀,၀၀၀၊ ဆန်တန်ဖိုး ငွေကျပ် ၃,၃၀၂,၄၀၀၊ ဆီတန်ဖိုး ငွေကျပ် ၁,၃၆၄,၆၀၀၊ စုစုပေါင်းငွေကျပ် ၁၇,၅၈၇,၀၀၀၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တွင် ဆေးကုသစရိတ်အနေဖြင့် အသင်းသား (၈) ဦးကို ငွေကျပ် ၄၃၀,၀၀၀၊ မီးဖွား စရိတ်အနေဖြင့် အသင်းသား (၃) ဦးကို ငွေကျပ် ၁၃၀,၀၀၀၊ မိဘနာရေးစရိတ်အနေဖြင့်  အသင်းသား (၄) ဦးကို ငွေကျပ် ၂၀၀,၀၀၀၊ သင်တန်းစရိတ်အနေဖြင့် အသင်းသား (၂) ဦးကို ငွေကျပ် ၁၀၀,၀၀၀၊ နှုတ်ဆက်လက်ဆောင်အနေဖြင့် အသင်းသား (၁၁)ဦးသို့ ငွေကျပ် ၂၆၀,၀၀၀ စုစုပေါင်း ငွေကျပ် ၁၁,၁၀၇,၀၀၀ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

အသင်း၏ရှေ့လုပ်ငန်းစဉ်အဖြစ် အသင်းသားများ၏ သက်သာချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများအတွက် ကူညီပံ့ပိုးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အသင်းသားများအတွက် အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေများပုံမှန်ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm