သာယာဝတီ သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စံရွေးတန်းရပ်ကွက်ရှိ စိန်လျှံဖြိုး ရောင်းဝယ်ရေးသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်း အဝေးကို သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက်သမဝါယမအသင်းဆိုင်၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် အသင်းဥက္ကဋ္ဌ ဦးသိန်းမြင့်က ဆောင်ရွက်ပြီး ၂၀၂၃-၂၀၂၄ ခုနှစ် အသင်းအမှုဆောင်၏အစီအရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ အား အသင်းအမှုဆောင်တစ်ဦးက ဖတ်ကြားတင်သွင်းခဲ့သည်။
ယင်းနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းအောင်က သမဝါယမဖွံဖြိုး တိုးတက်ရေးကိစ္စများ၊ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများညွန်ကြားချက်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး စိန်လျှံဖြိုးရောင်းဝယ်ရေးသမဝါယမအသင်း၏ အသင်းသူအသင်းသားများအား ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေး အစုပေါ်အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။