တောင်ငူ၊ ဩဂုတ် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်မည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ဘုရားသုံးဆူကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ တောင်ငူခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ ရပ်မိ ရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
သင်တန်းဖွင့်ပွဲတွင် တောင်ငူခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည် ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် တောင်ငူခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဌ နှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး သင်တန်းသားများအား အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား(၁၅)ဦးအား ချောကufကိတ်မုန့်၊ ငှက်ပျော သီးကိတ်မုန့်၊ ကော်ဖီပေါင်မုန့်၊ ဟမ်ဘာဂါ၊ ရေခဲမုန့်နှင့် Tuna Roll စသည့် စားသောက်ကုန်ပြုလုပ်နည်း အမျိုးမျိုး တို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၇) ရက်ကြာ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ် လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ သုံးစွဲခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။