(၂၀.၈.၂၀၂၄)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ဝန်ကြီးဌာနအောက်ရှိ သမဝါယမ ဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ အသေးစား စက်မှုလက်မှုဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ မကွေးတိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအောက်ရှိ ဝန်ထမ်းများ နှင့် တွေ့ဆုံကာ အဆိုပါ တွေ့ဆုံ ပွဲတွင် ဌာနတွင်း ဝန်ထမ်းများစည်းလုံးညီညွှတ်မှုရှိအောင် တည်ဆောက်ကြရန်၊လုပ်ငန်းခွင်တွင် ပျော်ရွှင် စွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်စေရေး ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအတွက် သက်သာချောင် ချိရေးများ လုပ်ဆောင် ပေးကြရန်၊အဆင့်ဆင့်ကွပ်ကဲမှုရှိအောင် အလေးထား ဆောင်ရွက်ကြရန်၊Chain of command အပိုင်းရရှိအောင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ ရိုးသားကြိုးစားစွာဖြင့် စည်းကမ်းလိုက်နာအောင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းငယ်များအား စောင့်ရှောက်ကြရန်၊ ကြီးသူများအား ရိုသေလေးစားကြရန်၊ လုပ်ငန်း တာဝန်များအား ရာထူးအဆင့်အလိုက် ယုံကြည်စိတ်ချမှုရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းအချင်းချင်း မနာလိုဝန်တိုမှုကင်းပြီး မိမိတို့ဌာန လုပ်ငန်းများအား ရိုးသား ကြိုးစားစွာ၊ စည်းလုံးညီညွှတ်စွာဖြင့် ထိရောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လမ်းညွှန်မှာကြားခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။