Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်


08 Aug,2022

နေပြည်တော်၊ ဩဂုတ် ၈

နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ အောင်ချမ်းသိမ်းဓမ္မာရုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်သင်တန်းသား/သူများတက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း က အဖွင့်အမှာစကား ပြောကြားပြီး နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးအေးမှ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ ဥတ္တရသီရိ မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းသား/သူများအား ယခုဖွင့်လှစ်ပေးသောသင်တန်းကို စိတ်ပါဝင်စားစွာ သင်ယူစေလိုကြောင်းနှင့်သင်တန်းပြီးမြောက်ပါကလည်း တစ်ပိုင်တစ်နိုင်လုပ်ငန်းများ အမှန်တကယ် လုပ်ဆောင်ကြဖို့ လိုပါကြောင်းတိုက်တွန်း ပြောကြားသည်။

ယဖုဖွင့်လှစ်ပို့ချလျက်ရှိသော ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့်သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းတွင် ဖျော်ရည်အမျိုးမျိုး၊ ဘတ်တာကွက်ကီး၊ ဆန်ကွက်ကီး၊ ဘတ်တာကိတ်၊ ဂျယ်လီ၊ ပေါက်ပေါက်၊ ပူတင်း၊ ရေခဲမုန့်၊ နာနတ်ယို နှင့် ဒိုးနတ် ပြုလုပ်ပုံအဆင့်အဆင့်တို့ကို သင်တန်းသား/သူ (၂၀)ဦးအား ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၇)ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm