Language : မြန်မာ | Eng
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ငူမြို့ ကေတုမတီငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်က ငါးမျိုးစုံ ထုတ်လုပ်ဖြန့်ဖြူး


08 Aug,2022

တောင်ငူ၊ ဩဂုတ် ၇

ရေထွက်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် လွယ်လင့်တကူ ဝယ်ယူစားသုံးနိုင်ရေးအတွက် သမဝါယမကဏ္ဍမှ No Profit, No Loss မူဖြင့် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ ကေတုမတီငါးကုန်ထုတ်သမဝါယမအသင်းလီမိတက်သည် အသင်းပိုင်ငါးကန်များတွင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးမုတ် စသည့် ငါးမျိုးစုံ မွေးမြူထားရှိပြီး ၎င်းငါးကန်များမှ ဖော်ထုတ်ရရှိသည့် ငါးမျိုးစုံပိဿာချိန် ၂၀၅၂၉ ကို စားသုံးသူပြည်သူများ ဝယ်ယူစားသုံးနိုင်စေရန် လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်သွယ်ရန်

Dial these numbers and email in case of any emergency

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၉၅ - ၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm