Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တော်မြို့ ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်းလီမိတက်က ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ


05 Aug,2022

ကျောက်တော်၊ ဩဂုတ် ၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်း လီမိတက်က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် အသင်းသားများ၏ သား/သမီးများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် အသင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာ၊ ၅ ဘာသာ၊ ၄ ဘာသာ ဂုဏ်ထူးများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူ ၄၃ ဦး အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၅.၂ သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm