Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာကေတမြို့နယ်သမဝါယမအသင်းစုလီမိတက်က အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အစုပေါ်အမြတ်ငွေများ ထုတ်ပေး


04 Aug,2022

သာကေတ၊ ဩဂုတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ (၁-၄-၂၀၁၉) မှ (၃၀-၉ -၂၀၁၉) Mini Budget ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် (၁-၁၀-၂၀၂၁)မှ (၃၁-၃-၂၀၂၂) ထိ Mini Budget တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အဆိုပါအသင်းစုရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အသင်းဝင်အသင်း ၅၆ သင်း၏ အစုပေါင်း ၁၅၀ စုအတွက် တစ်စုလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် အစုပေါ်အမြတ်ငွေကျပ် ၇၅ သိန်း ထုတ်ပေးခြင်းနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အမှုဆောင်များ၏ သား/သမီးတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm