Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး မြစ်ကြီးနားမြို့ ရက်ကန်းသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး


04 Aug,2022

နေပြည်တော် ဩဂုတ် ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းနိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးထွန်းဝေတို့ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိကာ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်တွေ့ဆုံပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ခေတ်မီစံပြ ကျေးရွာ(SMART Village)များအခြေအနေ၊ ရှမ်းပြည်နယ်သမဝါယမအသင်းစုချုပ်နှင့် နေပြည်တော် စမ်းဝတီသမဝါယမအသင်းတို့၏ သဘာဝမြေဩဇာများ ထုတ်လုပ်နေမှုအခြေအနေတို့ကို ရှင်းလင်း ဆွေးနွေးပြီး မြစ်ကြီးနားဒေသ၌ ဆောင်းသီးနှံနှင့် နွေသီးနှံ စံပြစိုက်ခင်းများ စိုက်ပျိုးနိုင်ရေး တင်ပြ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက်ကန်းသင်တန်းကျောင်းသို့ ရောက်ရှိကာ သင်တန်းသားများ လက်တွေ့သင်ယူ နေသော လက်ရက်ကန်း၊ စက်ရက်ကန်းလုပ်ငန်းများအား ကြည့်ရှုအားပေးပြီး သင်တန်းသား/ သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းသား အိပ်ဆောင်များ အား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ် ရုံးတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ လိုက်နာ နေထိုင်ရေး၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်အောင် ဝန်ထမ်း အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရေးနှင့် ဦးစီးဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm