Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့၌ အထည်ပန်းပုံရိုက်နှင့်ဆေးရေးနည်းသင်တန်းဖွင့်လှစ်


01 Aug,2022

မြစ်ကြီးနား၊ ဩဂုတ် ၁

ယနေ့ခေတ်တွင် ရေပန်းစားလျှက်ရှိသော အင်္ကျီများနှင့် အမျိုးသမီးဝတ်လုံချည်အထည်များပေါ်တွင် ရုပ်ပုံစတစ်ကာဒီဇိုင်းများရိုက်ကူးနည်း၊ ကျောတံဆိပ်များရိုက်ကူးနည်း၊ ပန်းပွင့်ဒီဇိုင်းများ၊ ဂျိဒ်ဒီဇိုင်းများနှင့် ကချင်ရိုးရာဂျိဒ်ဒီဇိုင်းများပြုလုပ်နိုင်စေရန်အတွက် အတတ်ပညာတစ်ခုဖြစ်သည့် အထည်ပန်းပုံရိုက်နှင့်ဆေးရေးနည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မောင်း၊ တိုင်းရင်းသားများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သူများတက်ရောက်ကြပြီး အခမ်းအနားတွင် ညွှန်ကြားရေးမှူး ဦးအောင်မောင်က အဖွင့်အမှာပြောကြားကာ ညွှန်ကြားရေးမှူး ဦးတင်မောင်လွင်က သင်တန်းသား/သူများကို အဖွင့်အမှာစကား ပြောကြားသည်။

ယခု ဖွင့်လှစ်သော သင်တန်းတွင် ဂျပ်စက္ကူပေါ်တွင် ပွင်ဖတ်များ၊ အပွင့်များရေးဆွဲနည်း၊ ဖလင်ကော်ပြားပေါ်တွင် ဒီဇိုင်းများဖေါက်နည်း၊ ဆေးရောင်စပ်နည်း၊ အထည်ပေါ်တွင် ဆေးရိုက်နည်း၊ တံဆိပ်ရိုက်ရန် ဘောင်ပြုလုပ်နည်း၊ ဘောင်ကူးနည်း၊ တီရှပ် အင်္ကျီပေါ်တွင်ဆေးရိုက်နည်းနှင့် Heat press ဖြင့် ဆေးရိုက်နည်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm