Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်မဲမြို့၌ အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်


01 Aug,2022

ကျောက်မဲ၊ ဩဂုတ် ၁

အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျောက်မဲမြို့ရှိ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်၊ နည်းပြ၊ လက်ထောက်နည်းပြ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကျောက်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်က အဖွင့်အမှာစကား ပြောကြားပြီး ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ကျောက်မဲ)မှ ကျောင်းအုပ် ဒေါ်ချိုဝင်းလှိုင်က သင်တန်းဆိုင်ရာသိကောင်းစရာများ ပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် လုံချည်ချုပ်နည်း၊ စကပ်အမျိုးမျိုးချုပ်နည်း၊ အမျိုးသမီးဝတ် ဘလောက်အင်္ကျီနှင့် ရင်ဖုံးအင်္ကျီတို့ကို ပုံဆွဲနည်း၊ ညှပ်နည်းနှင့် ချုပ်နည်းတို့ကို စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm