Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိလာစေရန် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်သင်တန်းဖွင့်လှစ်


01 Aug,2022

မုဒုံ၊ ဩဂုတ် ၁

ရိုးရာအထည်ရက်လုပ်မှုပညာရပ်များကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားရှိရန်၊ ရက်ကန်းပညာသာမက ဂျပ်ခုတ်အထည်ဒီဇိုင်းများကို အထောက်အကူပြုစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျော့ချရေးကို အထောက်အကူပြုစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရန် ရည်ရွယ်၍ တိုင်းရင်းသားရိုးရာဂျပ်ခုတ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း(မုဒုံ)၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ အဆိုပါသင်တန်းကျောင်းမှ ကျောင်းအုပ်၊ နည်းပြ၊ လက်ထောက်နည်းပြ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများတက်ရောက်ကြကာ သင်တန်းကျောင်း ကျောင်းအုပ်က အမှာစကား ပြောကြားပြီး သင်တန်းနည်းပြမှ သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ယခုဖွင့်လှစ်သော သင်တန်းတွင် တိုင်းရင်းသားရိုးရာဂျပ်ခုတ်ပညာရပ်များဖြစ်သော ချည်ချ နည်း၊ ချားဆွဲနည်း၊ ဇာခြည်နှတ်ကော်နည်း၊ လက်တွေ့ရက်ခတ်ခြင်း၊ အပွင့်(ဒီဇိုင်း)ကောက်နည်း၊ မပွင့် ဒီဇိုင်းနှင့်ရတ်ခတ်နည်းများကို ဩဂုတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ (၁)လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည့်အပြင် သင်တန်းသား/သူများ ကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်တတ်စေရန်အတွက်၊ လိုအပ်သောနည်းပညာများကို  သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဆင်းပြီးပါကလည်း လိုအပ်သော နည်းပညာများကိုလည်း ဆက်လက် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm