လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အောင်ငြိမ်းချမ်း ရောင်း၀ယ်ရေး သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၂၂ ရက်က အမှတ်(၄၂) အခြေခံပညာမူလတန်းကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အောင်ငြိမ်းချမ်းရောင်း၀ယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အစည်းအဝေးတွင် အသင်းလီမိတက်ဥက္ကဋ္ဌ ဦးမြသောင်းက အမှာစကားပြောကြားပြီး အစုပေါ် အမြတ်ငွေများကို အသင်းသားများသို့ ထုတ်ပေးခဲ့သည်။
ဆက်လက်၍ ရွှေလင်ပန်းအသေးစားချေးငွေလုပ်ငန်းသမဝါယမအသင်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အသင်းဥက္ကဋ္ဌဦးတင့်ဆန်းက အမှာစကားရှင်းလင်း ပြောကြားပြီး အသင်းသားများအား အစု၊ စုဆောင်းပေါ်အမြတ်ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်