Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကညစ်ယွန်းပညာကာလတိုသင်တန်းဆင်းပွဲကျင်းပ


29 Jul,2022

ပုဂံ၊ ဇူလိုင် ၂၉

ကညစ်ယွန်းပညာကာလတိုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ယွန်းပညာကောလိပ်(ပုဂံ)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ယွန်းပညာကောလိပ်(ပုဂံ)မှ ကျောင်းအုပ်ကြီး၊ ကထိကများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ယွန်းပညာကောလိပ်(ပုဂံ) ကျောင်းအုပ်ကြီးက အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။

အဆိုပါသင်တန်းကို ပုဂံဒေသယွန်းလက်မှုအနုပညာတစ်ရပ် တိမ်ကောပပျောက်မှုမရှိစေရန်၊ မိမိနိုင်ငံနှင့် လူမျိုး၏ ယဉ်ကျေးမှုကို စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် နှင့် ဒေသခံပြည်သူလူထုအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင်  မြန်မာ့ရိုးရာကညစ်ယွန်းနည်းစနစ်အား တစ်စုတ်ယွန်းနည်းပညာဖြင့် ဒီဇိုင်းဖန်တီးခြင်း၊ Tracing Paper ပေါ်တွင် ဒီဇိုင်းပွားနည်း၊ ကညစ်တံကိုင်တွယ်အသုံးပြုနည်း၊ မြန်မာ့ကညစ်ယွန်းဒီဇိုင်းများ လက်တွေ့ရေးထိုးခြင်း၊ အနီရောင်ဆေးသွင်းခြင်း၊ ဆေးသွင်းပြီးသော ဒီဇိုင်းများကို ဆေးဖော်ခြင်းနှင့် အထည်သန့်ခြင်းတို့ကိုလည်း စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm