Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်ကျေးရွာ(၂)ရွာ၌ (VRFP) စီမံကိန်းရန်ပုံငွေထုတ်ချေး


28 Jul,2022

ကျောက်ဆည် ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့်စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ ကျေးရွာ မတည်ရန်ပုံငွေ  (VRFP) စီမံကိန်းကျေးရွာဖြစ်သည့် ရဲကျေးရွာနှင့် ရေကြည်ကျေးရွာတို့၌ ကျေးရွာ မတည်ရန်ပုံငွေ (VRFP) စီမံကိန်း ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးခြင်းကို ဇူလိုင် (၂၅) ရက်က အဆိုပါရဲကျေးရွာနှင့် ရေကြည်ကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့်  အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ မိသားစုစားဝတ်နေရေးအခက်အခဲများလျော့နည်း စေရန်ရည်ရွယ်၍(VRFP)စီမံကိန်းရန်ပုံငွေထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။

ထို့နောက် ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ သက်ဆိုင်ရာကျေးရွာကော်မတီဝင်များနှင့်အတူ ရဲကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၅) ဦးအား ငွေကျပ် (၁၂၂) သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၃၆) ဦးငွေကျပ် (၁၄၆၅၀၀၀၀) အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၂၁) ဦးအား ငွေကျပ် (၆၁၅၀၀၀၀) နှင့် ရေကြည်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၀၄)ဦးအား ငွေကျပ်(၂၇၉)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၁၃)ဦးအား ငွေကျပ် (၁၅)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၁၂)ဦးအား ငွေကျပ်(၃၆)သိန်း စုစုပေါင်း အသင်းသူ/ အသင်းသား (၂၁၁)ဦးအား ငွေကျပ်သိန်း (၆၆၀) ကို ထုတ်ချေးပေးခဲ့ကြောင်း ကျောက်ဆည် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ပြောပြ၍ သိရသည်။

                                                                                                                 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm