Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မံရေးကျေးရွာ၌တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ


27 Jul,2022

ဗန်းမော်၊ ဇူလိုင် ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်ဦးစီးဌာနမှ ခေတ်မီစံပြကျေးရွာ(SMART Village)အဖြစ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ဗန်းမော်မြို့၊ မံရေးကျေးရွာတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့်ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့် အမှာ စကားပြောကြားခဲ့ပြီး ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက ဌာန၏လုပ်ငန်းတာဝန်များဖြစ်သော အိမ်တွင်းအသေးစားစက်မှုလက်မှုလုပ်ငန်းများအား မှတ်ပုံတင်ပေးခြင်း၊ အခြေခံပြည်သူများ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေရန် အသက်မွေး ဝမ်းကျောင်းပညာများ သင်ကြားပို့ချပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

အဆိုပါသင်တန်းတွင် သင်တန်းသူ/သား (၂၀) ဦးအား မန်ကျည်းဖျော်ရည်၊ နာနတ်သီးဖျော်ရည်၊ ချဉ်စော်ကားသီးဖျော်ရည်၊ စပျစ်သီးဝိုင်၊ နာနတ်သီးSyrub၊ သင်္ဘောသီးယို၊ နာနတ်သီးယို၊ သရက်ပျဉ်၊ အာလူးကြော်၊ ကြက်ဥမြေပဲပွကြော်၊ ချဉ်စော်ကားသီးယိုနှင့် မြေပဲယို စသည့် စားသောက်ကုန် ပစ္စည်း (၁၂) မျိုးအား ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၅) ရက်တာ စာတွေ့ ၃၀ ရာခိုင်နှုန်းနှင့် လက်တွေ့ ၇၀ ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm