Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Learning Management System တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်ချုပ်ဆိုခြင်း


27 Jul,2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၂၇.၇.၂၀၂၂)ရက်နေ့ Conference Room နံနက်(၁ဝးဝဝ)အချိန်တွင် Learning Management System တည်ဆောက်ခြင်းဆိုင်ရာ လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့ပါသည်။ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ ဌာနမှူး(စီမံ)၊ ဌာနမှူး(ICT)၊ ဥက္ကဋ္ဌ (e-Government အကောင်အထည်ဖော်ရေးကော်မတီ) တို့နှင့် တင်ဒါအောင်မြင်ခဲ့သည့် Global Links Asia Myanmar Co.,Ltd  မှ တာဝန်ရှိသူများမှ စာချုပ်ပါ အချက်အလက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး နှစ်ဦးသဘောတူ လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm