Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းစုမြို့နယ်သမဝါယမအသင်းစုက နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပပြုလုပ်


25 Jul,2022

ကျွန်းစု၊ ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ Mini Budget တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်ရှိ ကျွန်းစုမြို့နယ်သမဝါယမအသင်းစုရုံးခွဲ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ဖွဲ့စည်းကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ ကိုယ်စားလှယ်များ၊ ကျွန်းစုမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်ကော်မတီအဖွဲ့ဝင်များနှင့် အခြေခံသမဝါယမအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ကျွန်းစုမြို့နယ်သမဝါယမအသင်းစုက အခြေခံသမဝါယမအသင်း ၅၀ မှ အစုအရေအတွက် ၂၆၀ အား အစုပေါ်အမြတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm