ရပ်စောက် မေ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းစု(လီမိတက်)၏ အထူး အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မေ ၁၈ ရက်က ရပ်စောက်မြို့နယ် သမဝါယမအသင်းစုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် ရပ်စောက်မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သန်းမှ သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားကာ ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်းသမဝါယမအသင်းစုချုပ်လီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ခင်မြသင်းက အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်မှ သမဝါယမ လုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်နှင့် ယခုဆောင်ရွက် လျက်ရှိသော သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို အသေးစိတ်ပြောကြား ဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုအုပ်ချုပ်မှုဒါရိုက်တာမှ အမှာစာများ ဖတ်ကြားခြင်း၊ အဆိုပါ အမှာစာများအား သဘာပတိမှ အတည်ပြုဆုံးဖြတ်ချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆုမွန်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်