မော်လမြိုင်ကျွန်း မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ G.E.C ပညာရေး ဝန်ဆောင်မှုသမဝါယမအသင်းစု (လီမိတက်)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ငုဝါဆောင်ခန်းမ၌ ကျင်းပ ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်မှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းခိုင်က G.E.C (ပညာရေး) ဝန်ဆောင်မှုသမဝါယမအသင်းသည် သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ (၉/၉၂) သမဝါယမအသင်း၏ ဥပဒေအရဖွဲ့စည်းထားကြောင်း၊ အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာ၊ ရှေ့လုပ်ငန်း စဉ်များ၊ အသင်းစာရင်းစစ်အစီအရင်ခံစာများ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုအစီအရင် ခံစာများကို ပြောကြားခဲ့သည်။
ဆက်လက်၍ အမှုဆောင်အစားထိုးရွေးချယ်ပွဲကို မြို့နယ်အဆင့်ဖွဲ့စည်းရေးကော်မတီမှ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပခဲ့ရာ ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်နုက သဘာပတိအဖြစ် ဆောင်ရွက်ပြီး အမှုဆောင်အဖွဲ့အသစ်အား အဆိုပြု၊ ထောက်ခံစနစ်ဖြင့် ဒါရိုက်တာအဖွဲ့ (၁၁) ဦး ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်