Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတ္ကသိုလ်(စစ်ကိုင်း)၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မိုးရာသီအားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား


18 Jul,2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မိုးရာသီ အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို မိုးလုံလေလုံ အားကစားရုံ၌(၁၅.၇.၂၀၂၂)ရက်နေ့ ညနေ (ဝ၅:ဝဝ)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ စီမံရေးရာဌာနမှ ဌာနမှူး၊ သင်ကြားရေးဌာနများမှ ဆရာ/ ဆရာများ၊ ကျောင်းသား/ကျောင်းသူများ စုံစုံညီညီတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် တက္ကသိုလ်မှာ အားကစားပြိုင်ပွဲတွေကို နှစ်စဉ်နှစ်ကြိမ်အနေဖြင့် မိုးရာသီအားကစားပြိုင်ပွဲ၊ ဆောင်းရာသီအားကစားပြိုင်ပွဲများ ကျင်းပလေ့ရှိပြီး ယခုပြုလုပ်ပေးတယ့်ပွဲကတော့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မိုးရာသီအားကစားပြိုင်ပွဲဖြစ်ပါကြောင်း၊ ယခုအားကစားပွဲ မှာ အနိုင်မခံအရှုံးမပေးသော စိတ်ဓါတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ပေးကြသည့် ကျောင်းသား/ ကျောင်းသူများကို အများကြီး ကျေးဇူးတင်ရှိပါကြောင်း၊ မိုးရာသီအားကစားပြိုင်ပွဲကို ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးကြသော အားကစားကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊  အားကစားပွဲများ ကျင်းပရခြင်းကြောင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုတွေ ရှိလာနိုင်သလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေရှိလာနိုင်ခြင်း၊ ကျန်းမာကြံ့ခိုင်ပျော်ရွှင်လာနိုင်ပြီး မိသားစုစိတ်ဓါတ်၊ အသင်းအဖွဲ့စိတ်ဓါတ်များ တိုးတက်လာနိုင်ခြင်း၊ စိတ်ပျော်ရွှင်လာနိုင်သည့် အကျိုးကျေးဇူးများကို ရရှိလာနိုင်မှာ ဖြစ်ပါကြောင်း၊ အားကစားလိုက်စားခြင်းဖြင့် စိတ်ဖိစီးမှုကို ၃၀% လျော့ချနိုင်သည်ဟု ပညာရှင်များက သုံးသပ်ထားပါသည်၊ သို့ပါ၍ ကျောင်းသား/ကျောင်းသူများ အားကစားလိုက်စားခြင်းကို အားပေးပါကြောင်း၊ ကြက်တောင်ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရသည့်အတွက် အားကစားတစ်ခုချင်းဆီမှ ရရှိမည့် ကိုယ်ခန္ဓာကို အကျိုးဖြစ်ထွန်းစေသည့် အကျိုးကျေးဇူးများကို ပြိုင်ပွဲဝင်များအနေဖြင့် ရရှိပြီးဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင် ကျင်းပခဲ့ကြသည့်အတွက် ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိသားစုစိတ်ဓါတ်၊ အသင်းအဖွဲ့စိတ်ဓါတ်များ အနိုင်မခံအရှုံးမပေးလိုသည့် အားကစားရေး စိတ်ဓါတ်များ တိုးပွားလာသည့်အပြင် မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ဓါတ်များကို အမြဲလို မွေးမြူသွားကြရန်၊ နောင်ကျင်းပမည့် အားကစားပြိုင်ပွဲများတွင်လည်း တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်သွားကြရန် မှာကြားလိုကြောင်း၊ ယခုပြိုင်ပွဲများတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်များကိုလည်း ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ ဆုမရရှိသည့် ကျောင်းသား/ကျောင်းသူများလည်း ဆုများရရှိရန် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကြက်တောင်ပြိုင်ပွဲမှ ပထမ၊ ဒုတိယဆုရရှိသည့် ပြိုင်ပွဲဝင်များနှင့်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများရရှိကြသည့် ပြိုင်ပွဲဝင်များကို ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်းနှင့် ပါမောက္ခ၊ ဌာနမှူးများမှ ဆုများ ချီးမြှင့်ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm