Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဧကာဒသမကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား


15 Jul,2022

၁၅.၇.၂၀၂၂                                                                                                                                                                                                                                                                                        

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ဧကာဒသမကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူး၍ ဘွဲ့နှင်းသဘင် ခန်းမ၌ နံနက် (၉း၃၀)နာရီတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားကို ရွှေသမားကျောင်းတိုက် ဆရာတော်ဘုရား၊ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ် ဦးဝင်းနိုင်ထွန်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အငြိမ်းစား ဆရာကြီး/ ဆရာမကြီးများ၊ သင်ကြား/စီမံဌာနများမှ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နံနက်(၉း၃၀)နာရီတွင် နမောတဿ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ဆရာတော်ဘုရားမှ ရေစက်ချ အနုမောဒနာ တရားဟောကြားခဲ့ပြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများမှ ဝါဆိုသင်္ကန်းနှင့် တကွ ပစ္စည်းလေးပါး တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထိုနောက် ဗုဒ္ဓသာသနံ(စိ)ရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ ရေစက်ချ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ ပင့်သံဃာတော် (၅)ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး ကြွရောက်လာ‌သော ဧည့်သည်တော်များကို ကျွေးမွေးဧည့်ခံခဲ့ပါသည်။

ထို့အတူ နံနက်(၈း၀၀)နာရီမှ စ၍ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းမိသားစုများ အား မြသရဖီခန်းမတွင် မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm