Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတ္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်အနုပညာအသင်းမှ စီစဉ်ဖွင့်လှစ်သော အခြေခံပန်းချီနှင့် အဆိုသင်တန်းဆင်းပွဲ အခမ်းအနား


14 Jul,2022

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် တက္ကသိုလ်အနုပညာအသင်းမှ စီစဉ်ဖွင့်လှစ်သော အခြေခံပန်းချီနှင့် အဆိုသင်တန်းဆင်းပွဲ အခမ်းအနားကို Theatre ၌ (၁၁.၇.၂၀၂၂) ရက်နေ့ နံနက် (ဝ၉:၃ဝ)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှဘာသာရပ်ဌာနမှူးများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)မှ ဒေါ်သက်သက်စိုး(ဌာနခွဲမှူး)၊ ဦးအောင်သူစိုး (လက်ထောက်ကထိက)၊ သင်ကြားရေးဌာနများမှ ဆရာ/ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် သင်တန်းဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြသည့် တက္ကသိုလ်အနုပညာအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) မှ အခြေခံပန်းချီသင်တန်းကို သင်ကြားပို့ချပေး သော ဒေါ်သက်သက်စိုး(ဌာနခွဲမှူး)၊ ပန်းချီအနုပညာဌာန၊ အခြေခံအဆိုသင်တန်းကို သင်ကြားပို့ချပေးသော ဦးအောင်သူစိုး (လက်ထောက်ကထိက)၊ ဂီတအနုပညာဌာနတို့ကိုလည်း အထူးကျေးဇူးတင်ပါကြောင်း၊ သင်တန်းကာလ(၁)လအတွင်းမှာ ကျောင်းသား၊ကျောင်းသူများအနေဖြင့် အင်တိုက်အားတိုက် ကြိုးစား သင်ယူခဲ့သည်ကို တွေ့ရ၍ ဝမ်းမြောက်မိပါကြောင်း၊ သင်တန်းမှ သင်ယူခဲ့သည့် ပန်းချီပညာကို အစဉ်တစိုက် လေ့လာဆည်းပူးရင်း လူတိုင်းအတွက် စိတ်ကြည်နူးပျော်ရွှင်မှုများကို ဖန်တီးနိုင်အောင် ကြိုးစားရန်၊ ပန်းချီသင်တန်းတက်ရောက်သည့် သင်တန်းသားများအနေဖြင့် တစိုက်မတ်မတ် ဆက်လက်ကြိုးစားပြီး Professional ဖြစ်အောင် လုပ်ဆောင်ရန်လိုကြောင်း၊ ပန်းချီပညာတက်မြောက်ခြင်းဖြင့် စဉ်းစားတွေးခေါ်မှု ရင့်သန်လာပြီး ဆန်းသစ်တီထွင်မှု၊ စိတ်ကူးစိတ်သန်းကောင်းများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ အဆိုပညာ ကိုလည်း စနစ်တကျ လေ့လာဆည်းပူးရင်း နောင်လာမည့်နှစ်များတွင် နိုင်ငံတော်ကကျင်းပမည့် ဆို၊က၊ရေး၊ တီး ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင် သည်ထိ ဖြစ်မြောက်အောင် ကြိုးစားသွားကြရန် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အခြေခံပန်းချီသင်တန်းနှင့် အခြေခံအဆိုသင်တန်းတို့ကို သင်ကြားပို့ချပေးသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)မှ ဒေါ်သက်သက်စိုး(ဌာနခွဲမှူး) နှင့် ဦးအောင်သူစိုး (လက်ထောက်ကထိက) တို့ကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီးနောက် အခြေခံအဆိုသင်တန်းသားများက “မြကျွန်းညိုညို တက္ကသိုလ်” သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြပါသည်။

ထို့နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ ဆုရရှိသည့် သင်တန်းသား သင်တန်းသူများကို ဆုချီးမြှင့် ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားပြီးနောက် အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြပြီး ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီနှင့် ဌာနမှူးများမှ သင်တန်းသား သင်တန်းသူများ၏ ပန်းချီဖန်တီးမှုများကို လိုက်လံကြည့်ရှုခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm