Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် နှစ်ဦးနှစ်ဖက်နားလည်မှုမှတ်တမ်း စာချုပ် ချုပ်ဆိုပွဲ အခမ်းအနားကျင်းပ


14 Jul,2022

သန်လျင်၊ ဇူလိုင် ၁၃

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးမှု သင်တန်းကြီးကြပ်မှုကော်မတီနှင့် WISE College တို့၏ နှစ်ဦးနှစ်ဖက်နားလည်မှုမှတ်တမ်း စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ဘက်စုံသုံးခန်းမ (MH-210) ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ WISE College ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက မိမိတို့တက္ကသိုလ်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်း ကြီးကြပ်မှုကော်မတီနှင့် WISE College တို့ပူးပေါင်း၍ Business Management Higher Diploma (BMHD) နှင့် Business Management Advanced Diploma (BMAD) သင်တန်းများကို ၁၅-၈-၂၀၁၄ ရက်နေ့တွင် နှစ်ဦးနှစ်ဖက် နားလည်မှုမှတ်တမ်းစာချုပ် ချုပ်ဆို၍ စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆိုပါသင်တန်းများကို  ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားလာမှု အခြေအနေများကြောင့် ၂၀၂၁ ခုနှစ်၊ မတ်လမှ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလအထိ ရပ်နားထားခဲ့ရပါကြောင်း၊ ယခုပြန်လည်တိုးတက် ကောင်းမွန်လာသော အခြေအနေများကြောင့် ၁၃-၇-၂၀၂၂ ရက်နေ့တွင် နှစ်ဦးနှစ်ဖက် နားလည်မှုမှတ်တမ်းစာချုပ် (၃)နှစ်ချုပ်ဆို၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ်အနေဖြင့် Public-Private Partnership (PPP) အစီအစဉ် ဖြင့် ပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းပြီး သင်တန်းသားများအား ပညာရပ်ဆိုင်ရာများကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလိုစာချုပ်ချုပ်ဆို၍ လက်မှတ်ရေးထိုးခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။ ၎င်းနောက် WISE College ဥက္ကဋ္ဌ ဦးမြင့်ဇော်က နှစ်ဦးနှစ်ဖက်နားလည်မှုမှတ်တမ်း စာချုပ်ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နှစ်ဦးနှစ်ဖက်နားလည်မှု မှတ်တမ်းစာချုပ်အား ပါမောက္ခချုပ်ဒေါက်တာရီရီဝင်းနှင့် WISE College ဥက္ကဋ္ဌ ဦးမြင့်ဇော်တို့က လက်မှတ်ရေးထိုးကြပြီး စာချုပ်အား အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm