Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ခရမ်းမြို့နယ်ကျေးလက်ရုံးတွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေသုံးစွဲနည်း သင်တန်းဖွင့်လှစ်


11 Jul,2022

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) ကော်မတီဝင်များအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံ ကိန်းရန်ပုံငွေ သုံးစွဲနည်း (AVIP) သင်တန်းကို ဇူလိုင် ၈ရက် နံနက် ၉နာရီကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင်က အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များ၊ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ သုံးစွဲရေး အစီအစဉ်(AVIP) ပုံစံ ၁၄မျိုး သင်ခန်းစာများကို တစ်ရက် တာ စာတွေ့၊လက်တွေ့ ရှင်းလင်းဆွေးသင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် (VDP) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာခြောက်ရွာမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm