Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အရာထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲကျင်းပ


06 Jul,2022

နေပြည်တော်၊ ဇူလိုင် ၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အရာထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) က သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက သင်တန်းဆင်းအမှာစကားပြောကြားရာ မိမိတို့ ဦးစီးဌာန၏ ဝန်ထမ်းများသည် ဌာန၏ Vision ၊ Mission နှင့် အဓိကလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ၌ ဝန်ထမ်းတစ်ဦးချင်းတွင်  စွမ်းဆောင်ရည်ပြည့်ဝမှုရှိရန် များစွာအရေးကြီးပါကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သင်တန်းများကို ဖွင့်လှစ်၍ စွမ်းဆောင်ရည်မြှင့်တင်ပေးနေခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံးသည် လုပ်ငန်းကဏ္ဍမျိုးစုံတွင် တာဝန်မျိုးစုံကို ထမ်းဆောင်နေကြရသော်လည်း ရုံးလုပ်ငန်းလက်စွဲစာအုပ်ကို သိရှိနားလည်ကြရန် လိုအပ်ပါကြောင်း၊ ရုံးစာရေးသားနည်းများကို ဌာန၊ အဖွဲ့အစည်းတိုင်းတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းတိုင်း မဖြစ်မနေ တတ်မြောက်ကြရမည့် ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်ယူရရှိသည့် ရုံးလုပ်ငန်းနှင့်ပတ်သက်သော ဗဟုသုတ၊ အတွေ့အကြုံများသည် ယခုလက်ရှိနေရာတွင်သာမက နောင်ရာထူးများတိုးမြှင့်၍ တိုင်းဒေသကြီး/ပြည်နယ် ရုံးများ၊ ခရိုင်ရုံးများ ရောက်ရှိသွားသည့်အချိန်တွင်လည်း ရုံးလုပ်ငန်းများကို ပိုင်နိုင်ကျွမ်းကျင်စွာဖြင့် ဦးစီးဆောင်ရွက်နိုင်စေမည်ဖြစ်ပါကြောင်း၊ သင်တန်းဆင်းပြီးနောက်တွင်လည်း စဉ်ဆက်မပြတ် စွမ်းအားရှိသလောက် ဆက်ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များချီးမြှင့်ပြီး ထူးချွန်ဆုရရှိသူတစ်ဦးက ကျေးဇူးတင်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ ယခုသင်တန်းကို  ဇူလိုင်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)၊ ညွှန်ကြားရေးမှူး(စီမံ)နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ သင်တန်းနည်းပြတို့က ရုံးလုပ်ငန်းလက်စွဲစာအုပ်အား သိရှိနားလည်စေရန် အပြန်အလှန်ဆွေးနွေးခြင်းနှင့် ရုံးစာရေးသားနည်းများကို စာတွေ့သာမက လက်တွေ့ရေးသားလေ့ကျင့်ခြင်း စနစ်များဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm