Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ


06 Jul,2022

ကော့ကရိတ်ခရိုင်၊ ဇူလိုင်လ(၆)ရက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းကို ယနေ့နံနက် ၁၀နာရီတွင်ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ကျေးရွာအုပ်စု၊ ရန်ကုတ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ကျင်းပရာ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရန်ကုတ်ကျေးရွာအုပ်စုမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားသို့ ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်နေသည်နှင့်အညီ ကော့ကရိတ်ခရိုင်အတွင်းတွင်ရှိသည့် ရန်ကုတ်ကျေးရွာအုပ်စုအပါအဝင် ကျေးရွာများကို ဖွံ့ဖြိုးတိုးတက်လာစေရေး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရေး၊ ဆင်းရဲမှုလျှော့ချရေးတို့ကို အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး သင်တန်းသို့ လာရောက်တက်ရောက်ကြသော သင်တန်းသားများကလည်း မိမိတို့ ရပ်ရွာအတွက် တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် ရန်ကုတ်ကျေးရွာအုပ်စု၊ ရန်ကုတ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သင်တန်းသား(၂၀)ဦးဖြင့် ဇူလိုင်လ ၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ (၁၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် စာတွေ့ (၃၀%)၊ လက်တွေ့(၇၀%) သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်ပွဲအပြီးတွင် ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက သင်တန်းတွင် လက်တွေ့သင်ကြားပေးသွားမည့် ဘာသာရပ်များ၊ လက်သုံးကိရိယာများနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်များကို လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm