Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်စိမ်းဝေစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်က တံမြက်စည်းများ ထုတ်လုပ်ဖြန့်ဖြူး


06 Jul,2022

ပျဉ်းမနား၊ ဇူလိုင်

နေပြည်တော် ပျဉ်းမနားမြို့နယ် သနပ္ပင်ဆိတ်(အနောက်) ကျေးရွာရှိ ကျောက်စိမ်းဝေ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်က တံမြက်စည်း (ကြိမ်ချောင်း၊ ပိုက်ချောင်း) ထုတ်လုပ်သည့်လုပ်ငန်းကို ကုန်ကြမ်းပစ္စည်းများ ကိုယ်တိုင်ဝယ်ယူလုပ်ကိုင်သည့်စနစ်နှင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product –OVOP) အဖြစ် ဆောင်ရွက် လျက်ရှိပါသည်။

အဆိုပါ အသင်းက တစ်လလျှင် တံမြက်စည်း ၅၀၀၀ ကျော် ထုတ်လုပ်နိုင်ပြီး ရရှိသည့် တံမြက်စည်းများအား ရှမ်းပြည်နယ်နှင့် နေပြည်တော်အတွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ အသင်းအနေဖြင့် အိမ်သုံးတံမြက်စည်းများ ထုတ်လုပ်နိုင်သည့်အပြင် ကျေးရွာသူ/သားများကို လည်း တစ်ဖက်တစ်လမ်းက  အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း သိရ သည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm