Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)သို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး လာရောက်ကြည့်ရှုအားပေး


15 Jun,2022

သန်လျင် ဇွန် ၁၄

       သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များလိုက်ပါ၍ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)သို့ ၂၀၂၂ခုနှစ် ဇွန်လ ၁၄ရက်နေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် ရောက်ရှိရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများက ကြိုဆိုခဲ့ကြသည်။ ၎င်းနောက် ဒုတိယဝန်ကြီးသည် ဥတ္တရဆောင်တွင် ပညာသင်ကြားလျက်ရှိသော ပထမနှစ်သင်တန်းနှင့် စတုတ္ထနှစ်သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာသင်ခန်းအလိုက် လှည့်လည်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဘက်စုံသုံးခန်းမသို့ ရောက်ရှိပြီး သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက တက္ကသိုလ်၏ သမိုင်းအကျဉ်းချုပ်နှင့် တက္ကသိုလ်ဆိုင်ရာအချက်အလက်များ၊ ကျောင်းသား၊ ကျောင်းသူတက်ရောက်မှုအခြေအနေ၊ ပေးအပ်ချီးမြှင့်လျက်ရှိသည့် ဘွဲ့သင်တန်းအမျိုးအစားနှင့် အထူးပြုဘာသာရပ်များ၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုအခြေအနေ၊ အရည်အသွေးအာမခံမှုစနစ် (QAS) ဆောင်ရွက်မှုအခြေအနေ၊ သုတေသနစာတမ်းများပြုစုဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ သင်တန်းများဖွင့်လှစ်ပို့ချနေမှုအခြေအနေ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တည်ဆောက်ရေးနှင့် ဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm