Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းတုန်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ဝက်မွေးမြူရေးလုပ်ငန်းရှင်များအား ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ


19 Sep,2023

မင်းတုန်း စက်တင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ဝက်မွေးမြူရေး လုပ်ငန်းရှင်များအား ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမအသင်းစုရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်မှု ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌမှ အောင်သစ္စာရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက်အသင်းစု၏ ငွေကြေးလည်ပတ်မှုနှင့် ထုတ်လုပ်နိုင်မှု ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ခံများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ရာ ဝက်မွေးမြူရေးလုပ်ကိုင်မည့် အောင်သစ္စာရောင်းဝယ်ရေးသမဝါယမအသင်းစု အသင်းသားများက လက်ခံရရယူခဲ့ကြသည်။ အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ခံများနှင့် ဝက်မွေးမြူရေးလုပ်ငန်းရှင် များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm