Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ


18 May,2022

နေပြည်တော် မေ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည် ဖော်ဆောင်ရွက်ရန်နှင့် သမဝါယမလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရန် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစိုးသန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ကွင်းဆင်းဆောင်ရွက်ခဲ့ ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် မန္တလေးမြို့၊ သမဝါယမကူးသန်းရောင်းဝယ် ရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ယခုဖွင့်လှစ်မည့် သင်တန်းကျောင်းသည် အဋ္ဌမတန်းအောင်မြင် ပြီးသူများအား စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင် ပါကြောင်း၊ သင်တန်းကျောင်းအနေဖြင့် သင်ကြားမှုအပိုင်းတွင် အစဉ်အလာကောင်းသည့် ဂုဏ်ပုဒ် များရှိပြီးဖြစ်သည်နှင့်အညီ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပညာနှင့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များ အဖြစ် ဆောင်ရွက်ပေးနေပြီး  သမဝါယမစနစ်ဖြင့် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် သမဝါယမပုံရိပ် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပို့ချပေးနေသော ဘာသာရပ်များသည် လက်တွေ့ အသုံးချနိုင်ပြီး အမှန်တကယ် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြစ်သဖြင့် ပညာဆက်လက်သင် ယူရန် အခက်အခဲဖြစ်နေသော လူငယ်များအတွက် အခွင့်အရေးကောင်းဖြစ်သည်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များအား တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီးက ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများအတွက် သက်သာစရိတ် ထောက်ပံ့ငွေများ ပေးအပ်ပေးခဲ့ ပါသည်။

          အဲဒီနောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာကျေးရွာသို့ ရောက်ရှိ၍ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ပုသိမ်ကြီးမြို့နယ်ရှိ အိမ်ခြေ (၅၀၇) အိမ်၊ လူဦးရေ (၂၁၅၀) ရှိ နန္ဒာကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့်  ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြု ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးစသည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ခေတ်မီစံပြကျေးရွာ (SMART Village) များ ထူထောင်နိုင်ရေးတို့ကို ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃) ခုမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများအား နေပြည်တော်ကောင်စီနယ်မြေ တွင် ကျေးရွာ(၃) အား ရွေးချယ်၍ စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း ကျေးရွာ (၉) ရွာရွေးချယ်၍ ဆောင်ရွက်နေပါကြောင်း၊ ယခု မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာ (၃) ရွာ  ရွေးချယ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စံပြကျေးရွာရွေးချယ်ရာတွင် အခြေခံမူ (၁၅) ချက်ဖြင့် ရွေးချယ်ပြီး ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ တိုင်းဒေသကြီးအစိုးရတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်နေပါကြောင်း၊ ဒေသခံများမှလည်း မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များရှိပါကလည်း တင်ပြ ပေးစေလိုပါကြောင်း ပြောကြားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ နန္ဒာမြောက်ကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဒေသခံပြည်သူများ၊ သင်တန်းသားများနှင့် တွေ့ဆုံ ကာ သင်တန်းပို့ချနေမှုများအပေါ် လုပ်ငန်းလိုအပ်ချက်များ ဖြည့်စွက်မှာကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးမြို့သမဝါယမအသင်းစုချုပ်ပိုင် နို့ချက်စက်ရုံ သို့ရောက်ရှိ၍ သမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းနှင့်တွေ့ဆုံကာ သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြ မှုများအပေါ် ဒုတိယဝန်ကြီးက ညှိနှိုင်းမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာသို့ ရောက် ရှိ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အောင်မြင်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm