Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ယွန်းအတတ်ပညာဒီပလိုမာ(၂)နှစ်သင်တန်းဖွင့်လှစ်ခြင်း


18 May,2022

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ယွန်းပညာကောလိပ်(ပုဂံ)တွင်မြန်မာ့ရိုးရာလက်မှုအနုပညာများကိုအစဉ်ထိန်းသိမ်းတတ်စေရန်နှင့်မြန်မာ့ယွန်းထည်ပစ္စည်းများနိုင်ငံတကာဈေးကွက်ထိပိုမိုကျယ်ပြန့်လာစေရန်၊ယွန်းလက်မှုလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ယွန်းအတတ်ပညာဒီပလိုမာ(၂)နှစ်သင်တန်းကိုဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။ယခုအခါ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ပထမနှစ်သင်တန်း၏ပထမနှစ်ဝက်ပညာသင်ကာလနှင့်၂၀၁၉-၂၀၂၀ပညာသင်နှစ်၊ပထမနှစ်သင်တန်း၏ဒုတိယနှစ်ဝက်ပညာသင်ကာလတို့ကို၂၀၂၂ခုနှစ်၊မေလ(၁၂)ရက်နေ့တွင်ယွန်းပညာကောလိပ်(ပုဂံ)၌ဖွင့်လှစ်လျှက်ရှိပါသည်။ယွန်းအတတ်ပညာဒီပလိုမာ(၂)နှစ်သင်တန်းတက်ရောက်ပြီးပါကသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)နှင့်သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သံလျင်)တို့တွင်တတိယနှစ်နှင့်စတုတ္ထနှစ်သင်တန်းများကိုဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm