Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာ(TOT)သင်တန်းဖွင့်လှစ်


17 May,2022

နေပြည်တော်၊မေ၁၇

  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှတိုင်းဒေသကြီးနှင့်ပြည်နယ်များ၌တိုးချဲ့ဖွင့်လှစ်ခဲ့သည့်ခရိုင်ရုံးများတွင်တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းသစ်များအားစက်မှုလက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် Vocational Trainning သင်တန်းများတွင်တစ်ခုအပါအဝင်ဖြစ်သည့်အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာ(TOT)သင်တန်းကိုယနေ့နံနက်၁၀နာရီအချိန်ကအဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ဖွင့်လှစ်သည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးသိန်းတိုး၊ဒုတိယညွှန်ကြားရေးမှူချုပ်၊ညွှန်ကြားရေးမှူးများ၊သင်တန်းနည်းပြများနှင့်သင်တန်းသားများတက်ရောက်ကြသည်။

       သင်တန်းဖွင့်ပွဲတွင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးသိန်းတိုးကမိမိတို့ဌာနအနေဖြင့်ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ကျေးလက်ဒေသအလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တစ်ဦးချင်းဝင်ငွေတိုးပွားရေးများအတွက် Vocational Trainning သင်တန်းများဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ယခုဖွင့်လှစ်သည့်အခြေခံလျှပ်စစ်သံဂဟေဆက်နည်းပညာရပ်သည်ဆောက်လုပ်ရေးလုပ်ငန်းခွင်၊စက်မှုလက်မှုလုပ်ငန်းခွင်များတွင်တွင်ကျယ်စွာအသုံးပြုလျက်ရှိကြောင်း၊ထို့ကြောင့်သင်တန်းသားများအနေဖြင့်စာတွေ့၊လက်တွေ့ကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားလေ့လာပြီးမိမိတို့နေရာဒေသသို့ပြန်လည်ရောက်ရှိချိန် Vocational Trainning သင်တန်းများပြန်လည်ဖွင့်လှစ်ပို့ချပေးနိုင်သည်အထိသင်ယူကြစေလိုကြောင်းပြောကြားသည်။

          သင်တန်းတွင်သင်ကြားပို့ချမည့်ဘာသာရပ်များအနေဖြင့် History of Welding ၊ Safety & Protection Equipment ၊ Welding Joint ၊ Selection of Welding Electrode ၊ SMAW-Shield Metal Arc Welding (Stick Welding) ၊တေ့ဆက် (Butt Joint) ၊တီပုံအဆက် (T-joint)၊ထပ်ဆက် (Lap joint) ၊ထောင့်ဆက် (Corner Joint) ၊အနားစောင်းအဆက် (Edge Joint) နည်းပညာများကိုမေလ၁၇ရက်နေ့မှ၃၁ရက်နေ့အထိစာတွေ့၊လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm