Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ “ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေး နှင့် သင်ကြားမှုနည်းပညာသင်တန်း” ဖွင့်လှစ်


17 May,2022

သန်လျင်  မေ  ၁၆

             သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် “ဆရာ၊ ဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်း” (Capacity Building and Training of Trainers on Pedagogy)ကို ၁၆-၅-၂၀၂၂ ရက်နေ့ နံနက် (၈:၃၀)နာရီအချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ ဝန်ထမ်းများနှင့် သင်တန်းသား/သူများ (၅၀)ဦး တက်ရောက်ခဲ့ပါသည်။ ပါမောက္ခချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် သမဝါယမနှင်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ သမဝါယမသင်တန်းကျောင်းများနှင့် သမဝါယမကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်းတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများ၏ သင်ကြားမှုစွမ်းရည်မြင့်မား တိုးတက် လာစေရန်အတွက် ၂၁ ရာစု အဆင့်မြင့်ပညာကဏ္ဍတွင် လိုအပ်သည့် တက္ကသိုလ်ဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုဆိုင်ရာအရည်အသွေးများ၊ Teaching Methods, Strategies များ၊ Leadership ပုံစံများ၊ IT နှင့်ပတ်သက်သည့် အသုံးဝင်ပုံများ၊ ရုံးစာရေးသားနည်းများ၊ ဝန်ထမ်းကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများ၊ အမျိုးသား ပညာရေးဥပဒေနှင့် တက္ကသိုလ်ပဋိဉာဉ်အကြောင်း သိကောင်းစရာများ၊ သုတေသနဖွံ့ဖြိုးမှုနှင့် ဆန်းသစ်တီထွင်မှုတို့ နှင့်ပတ်သက်၍ သိရှိနားလည်စေပြီး လုပ်ငန်းခွင်တွင်အရည်အသွေး ပြည့်ဝစွာဖြင့် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)အနေဖြင့် တက္ကသိုလ်အဆင့်တိုးမြှင့်ဖွင့်လှစ် ခဲ့သည့် ၂၀၁၂ ခုနှစ်မှစတင်၍ ယခုအချိန်အထိ ဆရာ၊ ဆရာမများအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သင်ကြားမှုနည်းပညာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်မှာ ယနေ့အထိ (၃)ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းတွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ ဆရာ၊ ဆရာမ (၃၅)ဦး၊ သမဝါယမသင်တန်းကျောင်း(တောင်ကြီး၊ မကွေး၊ မော်လမြိုင်၊ ပုသိမ်)နှင့် သမဝါယမကူးသန်းကျောင်း(မန္တလေး)တို့မှ ဆရာ၊ ဆရာမ (၁၅)ဦး  တက်ရောက်ကြောင်း၊         21st Century Higher Education Faculty Skill and Leadership Skills for Academic Staff ဘာသာရပ်အား (Founder & Principal of MLMI)မှ ပြင်ပပညာရှင် ဆရာကြီး ဦးအေးကျော်မှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ Educational Psychology for Learning, Achievement Test, Adult Learning Theory, Architects of Intellect, Instructional Models for Effective Teaching, Principles of Teaching ဘာသာရပ်များကို ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ဆရာ၊ ဆရာမကြီးများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ရုံးစာရေးသားနည်းနှင့် မြန်မာစာ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အကြောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ Motivation in Teaching & Learning၊ အမျိုးသားပညာရေး ဥပဒေနှင့်တက္ကသိုလ်ပဋိဉာဉ်၊ Social Responsibility for Teachers၊ Importance of Personality in Teaching Profession၊ Application of IT in Teaching & Learning နှင့် LMS in Education ဘာသာရပ်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများမှ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းသစ် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားမှုနည်းပညာများကို ပိုမိုသဘောပေါက်နားလည်ပြီး လက်တွေ့ လုပ်ငန်းခွင်နယ်ပယ်တွင် ထိရောက်စွာပြန်လည်အသုံးချနိုင်ရန်နှင့် နိုင်ငံတော် အတွက်လိုအပ်သည့် အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာတွင် အထောက်အကူပြု နိုင်မည့်သူများဖြစ်အောင် ဆောင်ရွက်ရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းကို (၁၆-၅-၂၀၂၂) ရက်နေ့မှ (၂၀-၅-၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm