Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်နှင့် သမဝါယမကောလိပ်တို့မှ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား အားပေးကြည့်ရှုပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ


17 May,2022

နေပြည်တော် မေ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်နှင့် အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်း နှင့် အသက်မွေးပညာသိပ္ပံတို့မှ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား အားပေးကြည့်ရှုပြီး ကျောင်းများမှ ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ရန်နှင့် ကျောင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးအောင်သူရ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ ဆရာမများ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်၊ ပါမောက္ခချုပ်မှ တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များဖြစ်သော ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြု ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခေတ်မီစံပြကျေးရွာ (SMART Village) များ ထူထောင်နိုင်ရေးတို့ကို ဝန်ကြီး ဌာနရှိ ဦးစီးဌာန (၃)ခုမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များအပေါ်တွင် မူတည်နေပြီး ထိုလူငယ်များ၏ ပညာရည် ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံလည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ တက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ၊ ပုဂံယွန်းပညာကောလိပ်တို့မှ နိုင်ငံအတွက် အကျိုးပြုမည့် အသိပညာရှင်၊ အတတ်ပညာရှင် အနာဂတ်မျိုးဆက်သစ်လူများ မွေးထုတ်ပေးရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့် အစဉ်အလာ ကောင်းများ ရှိခဲ့ပြီး ကောင်းမွန်သော ရည်ရွယ်ချက်၊ ရည်မှန်းချက်များဖြင့် သင်ကြားပို့ချပေး နေပါကြောင်း၊ မည်သည့်လုပ်ငန်းတွင်မဆို အခက်အခဲဆိုသည်မှာ ရှိနိုင်ပါကြောင်း၊ အခက်အခဲ တိုင်းတွင်လည်း အဖြေဆိုသည်မှာ ရှိပါကြောင်း၊ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစွာဖြင့် ရင်ဆိုင်ကျော်လွှားသွားရမည် ဖြစ်ပါကြောင်း၊ သမဝါယမစနစ်နှင့် သမဝါယမကျောင်းများ ပိုမို အောင်မြင်ဖြစ်ထွန်းရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းလိုအပ်ချက်များ ရှိပါကလည်း တင်ပြပေးရန် ပြောကြားပြီး ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် (၁၀,၀၀၀) နှုန်းဖြင့် ဝန်ထမ်း (၂၈၁) ဦးအတွက် ငွေကျပ် (၂,၈၁၀,၀၀၀) အား ပါမောက္ခချုပ်ထံ ပေးအပ် ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်ရှိ e-Library နှင့် စာသင်ဆောင်များ၊ ToT သင်တန်းများ ပို့ချနေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့ပြီး စာသင်ခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ ဆောင်းဒါး ရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံသို့ ရောက်ရှိပြီး ရက်ကန်း ကျောင်းအုပ်ကြီးမှ သင်တန်းများ ပို့ချပေးနေမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်နေမှုများ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ရက်ကန်းလုပ်ငန်းများ ပိုမိုအောင်မြင်နိုင်ရေးအတွက် သမဝါယမ စနစ်ဖြင့် ရက်ကန်းလုပ်ငန်းရှင်များအသင်း စောလျင်စွာ ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်သည်များအတွက် တင်ပြပေးစေလိုကြောင်း မှာကြားပြီး ရက်ကန်း ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်သို့ရောက်ရှိပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ဝန်ထမ်းများ နှင့်တွေ့ဆုံစဉ် ကျောင်းအုပ်ဆရာမကြီးမှ ကောလိပ်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ အား ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအား ဝန်ကြီးဌာနမှ ဆောင်ရွက်နိုင်သည်များကို အမြန်ဆောင်ရွက်ပေးမည်ဖြစ်ပြီး အခြားသောဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်သည်များကိုလည်း ပေါင်းစပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင် နိုင်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် သမဝါယမတက္ကသိုလ်များ၊ ကောလိပ် များသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ဆရာ/ ဆရာမများအနေဖြင့် ကျောင်းသားများ အပေါ်တွင် မိဘများသဖွယ် စောင့်ရှောက်သင်ကြားပေးရမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ် (၁၀,၀၀၀) နှုန်းဖြင့် ဝန်ထမ်း (၅၀) ဦးအတွက် ငွေကျပ် (၅၀၀,၀၀၀) အား ကျောင်းအုပ်ကြီး ထံ ထောက်ပံ့ပေးအပ်ကာ ကောလိပ်အတွင်း သင်ကြားပို့ချနေမှုများ၊ စာသင်ဆောင်များ၊ စာကြည့် တိုက်၊ စားရိပ်သာနှင့် အိပ်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm