Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ လက်သမား/ပန်းရံသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်


16 May,2022

မကွေး မေ ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး မကွေးမြို့နယ်၌ "အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလက်သမား/ပန်းရံသင်တန်း"ဖွင့်ပွဲကို မေ ၁၅ ရက်နေ့ နံနက် ၉ နာရီက မကွေးခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ မကွေးခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်ဇောဟိန်းက အဖွင့်အမှာစကားပြောကြားပြီး မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်တင်တင်စိုးက ကျေးလက်နေပြည်သူ အလုပ်အကိုင်အခွင့်အလှမ်းရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား/ပန်းရံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ သင်တန်းနည်းပြဆရာမှ သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြပြီး သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကြသည်။

မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား/ပန်းရံသင်တန်းကို မေလ ၁၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မြင်ကင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ မယ်လှတောင်ကျေးရွာ၊ သ​ေင်္ဘာ ဆိပ်ကျေးရွာတို့မှ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm