Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်နှင့်ဆီဖြန့်ဖြူးရောင်းချ


08 Jun,2023

ဘားအံ၊ ဇွန် ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ ဌာနဆိုင်ရာဝန်ထမ်းများသက်သာချောင်ချိ ရေးအတွက် ပြည်နယ်သမဝါယမဦးစီးဌာနအစီအစဉ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ထောက်ပံ့ငွေရယူဆောင်ရွက်လျက်ရှိသော ‌ဒေသတွင်း ဆန်/ ဆီလုပ်ငန်းရှင်သမဝါယမအသင်းသား များ၏ ထုတ်ကုန်များဈေးကွက်ရရှိရေးနှင့် ဒေသတွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရန် ရည်ရွယ်၍ ထွက်ရှိလာသောဆန်နှင့် ဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် လစဉ် ရောင်းချပေးခဲ့သည်။

ကရင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ၂၁ ခုရှိ ဝန်ထမ်းများအား ပေါ်ဆန်းမွှေးဆန် 3920 ပြည်၊ (တန်ဖိုးငွေကျပ် ၁၃၀၀၅၇၀၀/-) နှင့် မြေပဲဆီ ၁၄၀ ပိဿာ (တန်ဖိုးငွေကျပ် ၁၉၆၀၀၀၀)၊ စုစုပေါင်းငွေကျပ် ၁၄၉၆၅၇၀၀ တို့ကို ဖြန့်ဖြူးရောင်းချပေးခဲ့ပြီး ဝန်ထမ်းများသက်သာချောင်ချိရေး အတွက် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm