ထားဝယ်၊ ဇွန် ၇
သမဝါယမအသင်းများ လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းနှင့် စာရင်းရေး စာရင်းကိုင် သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနများမှ ဦးစီးအရာရှိ များနှင့် သင်တန်းသား သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက သင်တန်း ဖွင့်အမှာစကားပြောကြားပြီး၊ ဦးစီးအရာရှိဒေါ်သန္တာဝင်းမှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်ကြားမည့်ဘာသာရပ်များကို ရှင်းလင်းပြောကြားခြင်းနှင့် ဦးစီးအရာရှိ ဒေါ်ချောချောလွင်မှ သင်ကြားပို့ချမည့် စာရင်းရေး စာရင်းကိုင်သင်တန်းအပြင် မိုးစပါးစိုက်ဧက ၁၀၀၀၀ စီမံကိန်း(မြစိမ်းရောင်) လုပ်ငန်းစီမံချက်ပါ စာရင်းဇယားများအား (On Job Training)သင်ကြားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ယခုဖွင့်လှစ်သည့် သင်တန်းအား တိုင်းဒေသကြီးသမဝါယမဦးစီးဌာနက ဦးစီးဆောင်ရွက် ခဲ့ပြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်၏ သမဝါယမဦးစီးဌာနဝန်ထမ်းများ၊ အသင်း အမှုဆောင်၊ စာရင်းကိုင်ဝန်ထမ်းနှင့် အသင်းစာရင်းစစ် စုစုပေါင်း သင်တန်းသား ၃၀ ဦးအား တိုင်းနှင့် မြို့နယ်သမဝါယမဦးစီးအရာရှိများက ဇွန်လ ၅ ရက်မှ ၁၈ ရက်နေ့အထိ ၂ ပတ်ကြာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်