Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနိုင်းမြို့နယ် ပညာအလင်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အစုပေါ်အမြတ်နှင့် စုဆောင်းငွေပေါ်အတိုးများ ထုတ်ပေး


08 Jun,2023

တနိုင်း၊ ဇွန် ၈

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ဒူးကောင်းရပ်ကွက်၊ ဟူးကောင်းခန်းမတွင် ကျင်းပခဲ့သည့် ပညာအလင်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင် ဒါရိုက်တာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် အသင်းသူ အသင်းသားများတက်ရောက်ခဲ့ပြီး အသင်းသား၁၃၈ ဦးအတွက် စုဆောင်းငွေပေါ်အတိုးငွေကျပ် ၁၇၁၉၇၃၀၀၊ အစုပေါ်အမြတ်ငွေကျပ် ၃၃၂၀၀၀၀၊ စုစုပေါင်းငွေကျပ် ၂၀၅၁၇၃၀၀ အား အသင်းသားပြည်သူများသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm