Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


04 Jun,2023

စစ်တွေ ဇွန် ၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ မွန်းလွဲ ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ပြန်လည် တည်ဆောက်ပေးနေသော စစ်တွေမြို့နယ်၊ မင်းဂံ - မှန်စီကျေးရွာလမ်း ၃/၂ မိုင်ပေါ်ရှိ မုန်တိုင်း ဒီရေကြောင့် ပျက်စီးသွားသော ကွန်ကရစ်တံတားနေရာ၌ ပေ ၅၀ ဘေလီတံတား အစားထိုး တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အား အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားကာ လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် စစ်တွေမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ရုံးနှင့် အိမ်ရာအဆောက်အဦ များ၊ သင်တန်းသူ အိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်းများအား အမိုးသွပ်များ တပ်ဆင်နေမှုနှင့် ပြန်လည်ပြုပြင်နေမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm