Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဆင်းပွဲအခမ်းအနား


02 Jun,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၃၁..၂၀၂၃)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနား တွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယ ပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ဘာသာရပ်ဌာနမှူးများ၊ အုပ်ချုပ်ရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊သုတေသန နှင့် ဖွံ့ဖြိုး မှု) ဌာနများမှ ဌာနမှူးများ၊ အုပ်ချုပ်ရေး(စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ အရာထမ်းများ နှင့် သင်တန်းသား/ သင်တန်းသူ(၄၉)ဦး စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အမှာစကားပြောကြားရာတွင် သင်တန်း တွင် သင်ကြားပို့ချပေးခဲ့ကြသည့် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ပါမောက္ခ(ဌာနမှူး)၊ ဌာနမှူး များ၊ ဒုဌာနမှူး၊ ကထိကနှင့် ဌာနခွဲမှူးများ၊ သင်တန်းကို အောင်မြင်စွာဖွင့်လှစ် သင်ကြားနိုင် အောင် ဆောင်ရွက်ပေးကြသည့် စီမံရေးရာဌာနကို ဦးစွာကျေးဇူးတင်ပါကြောင်း၊ သင်တန်း သား၊ သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးသည့် ဘာသာရပ်များမှ သိရှိ လာသည့် နိုင်ငံဝန်ထမ်းဥပဒေ/ နိုင်ငံဝန်ထမ်းနည်းဥပဒေ/ရုံးစာရေးသားနည်း အစရှိသည့် ရုံး ပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့် အထွေထွေ အသိပညာဗဟုသုတများကို လက်တွေ့ အသုံးချပြီး မိမိပန်းတိုင် မျက်ခြေမပြတ်အောင် ကြိုးစားသွားကြရန်၊ မိမိဌာန၊ မိမိတက္ကသိုလ်၊ မိမိအဖွဲ့အစည်း တိုးတက်မြင့်မား စေရန် စွမ်းဆောင်ကြရန်၊ ချမှတ်ထားသော မူဝါဒ၊ အမိန့် တို့ကို တသွေမတိမ်းလိုက်နာကြပြီး ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ရိုးသားကြိုးစားသော နိုင်ငံ့ဝန်ထမ်းများအဖြစ် ပြုမူနေထိုင်ကြရန် မှာကြားခဲ့ပါသည်။ ဆက် လက်၍ သင်တန်းတွင် သင်ကြားဆွေးနွေးပို့ချပေးသော ဒုတိယပါမောက္ခချုပ်(စီမံ)၊ ပါမောက္ခ (ဌာနမှူး)၊ ဌာနမှူး၊ ဒုဌာနမှူး၊ ကထိကနှင့် ဌာနခွဲမှူးများကို ပါမောက္ခချုပ် နှင့် ဒုတိယ ပါမောက္ခချုပ်(စီမံ) တို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး၊ ပါမောက္ခချုပ်မှ သင်တန်းများကို ကိုယ်စား သင်တန်းသူတစ်ဦးကို သင်တန်းဆင်းလက်မှတ်ပေးခဲ့ပြီး အခမ်း အနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm