Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး အထောက်အကူပြု၊ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)” ကျင်းပ


31 May,2023

နေပြည်တော် မေ(၃၁)

            အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ယနေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် “အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး အထောက်အကူပြု၊ ကနဦးလေ့လာသုံးသပ်ရေး လုပ်ငန်း အဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)” ကျင်းပရာ ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့  ဥက္ကဌ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ ကနဦးလေ့လာ သုံးသပ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်၊ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြပါသည်။

          ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက အဖွင့်အမှာစကား ပြောကြားရာတွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ နိုင်ငံအဝှမ်း ကျေးလက်ဒေသနဲ့ မြို့ပြများမှာ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ် စေရန် မျှော်မှန်းပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ် ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းတို့အနက် စီးပွားရေးဦးတည်ချက်(၄)ရပ်ထဲက “သွင်းကုန် အစားထိုး ရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး၊ ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော် ဆောင်ရေး” ဆိုသည့်အချက်လည်းပါဝင်ကြောင်း၊ မိမိတို့၏ကနဦး လေ့လာသုံးသပ်ရေး လုပ်ငန်း အဖွဲ့တွင် ညွှန်ကြားရေးမှူးချုပ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဥက္ကဌ၊ အတွင်းရေးမှူး အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနများမှ ညွှန်ကြားရေးမှူးများက အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ပြီး စုစုပေါင်း အဖွဲ့ဝင်(၁၆) ဦး ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြားအထောက် အကူပြု(၃)ဖွဲ့မှာလည်း ဌာနမှ ညွှန်ကြားရေးမှူး များ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့က ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ်၊ အချိန်ဇယားတို့ကို အဖွဲ့ဝင်များထံ ဖြန့်ဝေပေးပြီး ဖြစ်ပါကြောင်း၊ ဆောင် ရွက်မည့် လုပ်ငန်းအစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို အတွင်းရေးမှူးက ဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားစက်မှုလက်မှု လုပ်ငန်းမြှင့် တင်ရေးဥပဒေ(၂၀၁၁)နှင့်အညီ လုပ်ငန်းအမျိုးအစား(၁၃)မျိုးအား လုပ်ငန်းမှတ်ပုံတင်ပေးခြင်းကို စိစစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားလာသည့် စားသောက် ကုန်နှင့် လူသုံးကုန်လုပ်ငန်းများအား အရည်အသွေးထိန်းသိမ်းရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းရန် အတွက် ဓာတ်ခွဲ စမ်းသပ်ခြင်းလုပ်ငန်းများကို One Stop Service ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဌာနအနေနှင့် မြို့ပြနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်ရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်တန်းအမျိုးအစား (၃၂)မျိုးကို ကျေးရွာများအရောက် သွားရောက်ပြီး ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ MSMEလုပ်ငန်းများဟာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသော အခန်းကဏ္ဍက ပါဝင်တာကြောင့် သက်ဆိုင်ရာ ဌာနများအနေနဲ့ အသေးစား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးရေးနဲ့ ကုန်ထုတ်နည်းပညာများ ခေတ်မီတိုး တက်စေရန်နဲ့ ငွေကြေး၊ နည်းပညာ၊ ဈေးကွက်ရရှိရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

                    အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးပြီး တက်ရောက်လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြရာ ကနဦးလေ့လာ သုံးသပ်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm