Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့နယ် မှန်စီကျေးရွာသွား ကားလမ်းပေါ်ရှိ ပေ ၅၀ ဘေလီတံတားတည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


31 May,2023

စစ်တွေ မေ ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်း တွင် စစ်တွေမြို့နယ်၊ မင်းဂံ-မှန်စီ ကျေးရွာလမ်း ၃/၂ မိုင်ပေါ်ရှိ မုန်တိုင်းဒီရေကြောင့် ပျက်စီးသွား သော ကွန်ကရစ်တံတားနေရာ၌ ပေ ၅၀ ဘေလီတံတား အစားထိုးတည်ဆောက်နေမှုအား သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါ ဒါးပိုင်ချောင်းကူး ပေ ၂၀ ကွန်ကရစ်တံတားသည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးအဖွဲ့က တည်ဆောက်ခဲ့သောတံတားဖြစ်ပြီး မင်းဂံ-မှန်စီ ကွန်ကရစ်လမ်းသည်လည်း စည်ပင်သာယာအမှိုက်သိမ်းယာဉ်များ ဖြတ်သန်းအသုံးပြုနေသောလမ်း ဖြစ်သည်။ ယခုအခါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယာယီဘေလီတံတား ပြန်လည် တည်ဆောက်ပေးလျက်ရှိရာ အမြန်ပြီးစီးရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျေးတောပိုက်စိပ်ရပ်ကွက်၌ ဆိုလာသုံး ရေသန့်စက် (၃) လုံးဖြင့် ရပ်ကွက်နေပြည်သူများအား သန့်ရှင်းသောသောက်သုံးရေ ပေးဝေမှုအားလည်းကောင်း၊ ဆက်လက်၍ မင်းဒရားချိတ်ရပ်ကွက်၊ ရွာကြီးမြောက်ရပ်ကွက်တို့တွင် ရွေ့လျားရေသန့်ကားဖြင့် ရေဖြန့်ဝေပေးနေမှုများကိုလည်းကောင်း လိုက်လံအားပေး ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm