Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေမြို့ရှိ ရုံးနှင့်ဝန်ထမ်းအိမ်ရာများ ပြုပြင်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


29 May,2023

စစ်တွေ မေ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ပြည်နယ် လူမှုရေးဝန်ကြီး ဦးအောင်မျိုးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ကြက်ခြေနီရုံးသို့ သွားရောက် ပြီး တွင်းရေကို စုပ်ယူ၍ ရေသန့်စင်စက်ဖြင့် သန့်စင်ကာ ရပ်ကွက်၊ ကျေးရွာများသို့ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနေမှုအခြေအနေကို အားပေးကြည့်ရှုခဲ့သည်။ အဆိုပါ ရေသန့်စက်မှ နေ့စဉ် လီတာ ၅၀၀၀၀ (ဂါလံ ၁၁၀၀၀ ခန့်) သန့်စင်ပေးလျက်ရှိပြီး စစ်တွေမြို့ပေါ် ရပ်ကွက်များ အပြင် ကျေးရွာများမှလည်း လာရောက်သယ်ယူ အသုံးပြုနေကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပြည်နယ်သမဝါယမဦးစီးဌာနရုံးနှင့် စစ်တွေမြို့နယ် သမဝါယမဦးစီးဌာနရုံးများသို့ သွားရောက်ပြီး ရုံးတွင်းရုံးပြင် သန့်ရှင်းရေးနှင့် ပြန်လည်ပြုပြင် တည်ဆောက်ရမည့် အဆောက်အဦများ အမြန်ပြီးစီးရေး မှာကြားသည်။ ဆက်လက်၍ ဒုတိယ ဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်းသို့ သွားရောက်ပြီး သင်တန်းသူအိပ်ဆောင်နှင့် စာသင်ဆောင်များ၊ သင်တန်းသူများအတွက် ရေချိုးခန်း၊ အိမ်သာများ အမြန်ပြုပြင် ပြီးစီးရေး လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးနှင့် ခရိုင်ရုံးကို လည်းကောင်း၊ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးကိုလည်းကောင်း သွား ရောက်ပြီး ရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm